Scholarship Webinar
Scholarship Sharing Webinar
May 25, 2026
·
9 min read
နှစ်သစ်မှာ ပထမဆုံးကျင်းပမဲ့ ထိုင်းနိုင်ငံရှိ တက္ကသိုလ်တစ်ခုရဲ့ ပညာသင်ဆုနဲ့ ပတ်သက်တဲ့ Webinars အကြောင်းကို သိပြီးပြီလား?
________________
KIMO Institute ဟာ လမ်းစပျောက်နေတဲ့ မြန်မာပြည်မှ ကျောင်းသားလူငယ်များရဲ့ အခွင့်အလမ်းများလက်လှမ်းမီနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ပေးနေတဲ့ လူငယ်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂) နေ့မှ စတင်ကာ အွန်လိုင်းကမ်ပိန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။
ဒီတစ်ခါမှာတော့ ၂၀၂၄ ခုနှစ်ရဲ့ နှစ်သစ်မှာကျင်းပမဲ့ ပထမဆုံးအကြိမ် Scholarship Webinars အကြောင်းမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Asian Institute of Technology’s Scholarship ဆိုတာဘာလဲ?

ဒီပညာသင်ဆုကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ Asian Institute of Technology (AIT) ကနေပေးတဲ့ Scholarship ပဲဖြစ်ပါတယ်။

မျှဝေသွားမဲ့ အထူး Speakerကတော့ဘယ်သူလဲ?

Mis. Sara (Master of Gender and Development Studies, AIT, Thailand) ဖြစ်ပြီး သူမဟာ ပထဝီအထူးပြုဘာသာရပ်နဲ့ မန္တလေးတက္ကသိုလ်မှာ ဝိဇ္ဇာဘွဲရရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ Asian Institute of Technology မှာ Scholar အနေဖြင့် Master of Gender and Development Studies ဘွဲကိုရရှိခဲ့ပါတယ်။

ဘာခေါင်းစဉ်တွေကိုဆွေးနွေးပေးသွားမှာလဲ?
– AIT Scholarship အကြောင်း
– Scholarship application process စတာတွေကို မျှဝေသွားမှာဖြစ်ပါတယ်။

ဆွေးနွေးမှာက မြန်မာလိုလားအင်္ဂလိပ်လိုလား?

မြန်မာလိုဆွေးနွေးပေးသွာမှာဖြစ်ပြီး မေးခွန်းမေးမြန်းနိုင်တဲ့ Session တွေလည်းရှိမှာဖြစ်ပါတယ်။

ဘယ်လိုစာရင်းသွင်းရမလဲ?
စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ link တွင် စာရင်းသွင်းဖို့ဖိတ်ခေါ်လိုက်ရပါတယ်။


ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်
အချိန်။ မြန်မာစံတော်ချိန် ညနေ (၇း၀၀-၉း၀၀) နာရီ
နေရာ-Zoom


ဤပညာသင်ဆုကိုစိတ်ပါဝင်စားတဲ့ ကျောင်းလူငယ်များအနေနဲ့ အမြန်ဆုံးစာရင်းသွင်းဖို့လည်းတိုက်တွန်းလိုက်ရပါတယ်။