School of Rural Development

Call for Application for Personal Life Skills Training

[သင်တန်းအသစ်နဲ့မိတ်ဆက်ခြင်း]
အားလုံးပဲမင်္ဂလာပါ။
KIMO Institute မှကြိုဆိုလိုက်ပါတယ်။
KIMO Institute ကနေပြီး လူငယ်တွေအတွက် Personal Life Skills စွမ်းရည်မြှင့်တင်ရေးသင်တန်း တစ်ခုကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
📌ဒီသင်တန်းလေးမှာတော့
– Self-awareness
– Critical Thinking Skills
– Communication Skills
– Public Speaking Skills
– Leadership Skills
စတဲ့ခေါင်းစဉ်တွေကို အသေးစိတ်လေ့လာနိုင်မှာဖြစ်ပါတယ်။
♟️နိုင်ငံရေးအကြပ်အတည်း၊ စီးပွားရေးအကြပ်အတည်း စတာတွေကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူငယ်တော်တော်များဟာ နေရပ်စွန့်ခွာရှောင်သိမ်းနေရသည်သာမက ပညာ‌ရေးဆိုင်ရာအခွင့်အလမ်း များတွင်လည်း ဆုံးရှုံးနေကြရပါတယ်။ ၎င်းလူငယ်တွေရဲ့ Personal Life Skills ကို တိုးတက်လာစေရန် အတွက် ကီမိုအင်စတီကျူးအနေဖြင့်ကြိုးပမ်း‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်နိုင်ငံတစ်ဝှမ်းလုံးရှိ လူငယ်များအနေနဲ့ မိမိရဲ့ Personal Life Skills တိုးတက်လိုပါက ဤသင်တန်းလေးမှာတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
📌ဘယ်သူတွေတက်ရောက်နိုင်လဲ။
– ကိုယ်ပိုင်စွမ်းဆောင်ရည်မြှင့်တင်လိုသူများ
– ခေါင်းဆောင်ကောင်းဖြစ်လိုသူများ
– စကားပြောစွမ်းရည်တိုးတက်လိုသူများ အပြင်
– စနစ်တကျတွေးခေါ်စဉ်းစားလိုသူများ စတဲ့သူတွေပါဝင်နိုင်မှာဖြစ်ပါတယ်။
🔞ကန့်သတ်ချက်များအဖြစ်
– သင်တန်းလျှောက်ထားသူသည် အသက် ၁၆ နှစ်- ၃၀ နှစ်ကြားသတ်မှတ်ထားပြီး (၅) ရက်တာသင်တန်းကို အပြည့်အဝတက်ရောက်နိုင်သူဖြစ်ရပါမယ်။
– မြန်မာနိုင်ငံရှိမည်သည့်နေရာဒေသမဆို ကျား/မ မရွေး စိတ်အားထက်သန်စွာ လေ့လာလို စိတ်ရှိပြီး မိမိကိုယ်ပိုင်စွမ်းရည်ကို မြှင့်တင်လိုသူဖြစ်ရပါမယ်။
🕰️သင်တန်းကာလ-
နေ့ရက်- ဇန်နဝါရီလ (၂) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်၊ ၂၀၂၄ ခုနှစ် (၅ရက်တိတိ)။
အချိန်- မြန်မာစံတော်ချိန် မနက် (၁၀) နာရီမှ နေ့လည် (၁) နာရီ။
နေရာ- Zoom Meeting (Online)
👨‍👦‍👦ခေါ်ယူမည့်သင်တန်းသားဦးရေ – (၂၀) ဦးဖြစ်ပြီး အထက်ပါသတ်မှတ်ချက်နှင့်ကိုက်ညီသူကိုရွေးချယ် သွားမှာဖြစ်ပြီး အကျိုးခံစားခွင့်အနေဖြင့် တက်ရောက်လာသူများကို Data Allowance (အင်တာနက်ထောက်ပံ့ကြေး) ကိုလည်းထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
📌📌ဖြည့်သွင်းရမည့် သင်တန်းလျှောက်လင့်ခ်
https://docs.google.com/…/1FAIpQLSf…/viewform
🔑လျှောက်လွှာလက်ခံသည့် နောက်ဆုံးရက် – ၂၆.၁၂.၂၀၂၃ ရက် ညနေ (၆)နာရီ။
လျှောက်ထားလာသူများထဲမှ အဆင့်ဆင့်ရွေးချယ်ပြီးနောက် Virtual စနစ်ဖြင့် လူတွေ့အင်တာဗျူး အစီအစဉ်ပါဝင်မှာဖြစ်ပြီး အင်တာဗျူးအစီစဉ်တွင်ပါဝင်ခွင့်ရသူများကို Email ကနေတစ်ဆင့် အကြောင်းကြားသွားမှာဖြစ်ပါတယ်။
#kimoinstitute
#personallifeskills