Call for Application!
သုတေသနနယ်ပယ်မှာ ခြေလှမ်းသစ်စတင်ချင်သူများ၊ မိမိ၏ Research Skills ကို လက်တွေ့ကျကျ မြှင့်တင်ပြီး ကိုယ်ပိုင်သုတေသနတစ်ခု အကောင်အထည်ဖော်ချင်သူများအတွက် KIMO Instituteရဲ့ ၆ လတာ KIMO Research Fellowship Program (Batch 2) ကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ! 💡
ဒီ Fellowship ဟာ သုတေသနအခြေခံအသိအမြင် (Basic Research Knowledge) လေ့လာထားပြီး မိမိ၏ စွမ်းဆောင်ရည်ကို နောက်တစ်ဆင့်သို့ မြှင့်တင်လိုသူများအတွက် အထူးဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
🌟 Fellowship အဆင့် (၂) ဆင့်နှင့် ပရိုဂရမ်အသေးစိတ်
🔹 Step 1: Research Training Phase (ပထမ ၂ လ)
- ရွေးချယ်ခံရသူ (၃၀) ဦး ဖြင့် စတင်ပါမည်။
- သင်တန်းကြေး (Class Fees): 100,000 MMK
- သင်တန်းကာလ: Nov 20 to Dec 19, 2026
- သင်တန်းအချိန်: 7:00 PM – 8:30 PM (1:30 hours per session)
- သင်တန်းပုံစံ: Zoom Virtual Live Sessions
လေ့လာရမည့် Modules & Practical Hands-on Assignments:
- 📌 Session 1: Introduction to Research & Formulation of Research Questions (Problem Tree & SMART criteria)
- 📌 Session 2: Literature Review Methods (Live Search & Matrix Building Lab)
- 📌 Session 3: Quantitative & Qualitative Research Designs (Research Design Matching Game & Case Studies)
- 📌 Session 4: Research Ethics & Plagiarism (Informed Consent, Anonymity, “Do No Harm” & Plagiarism Tools)
- 📌 Session 5 & 6: Data Collection Methods, Sampling Techniques & Tools (Designing Surveys, Interview Guides, KoboToolbox, Google Forms)
- 📌 Session 7 & 8: Data Analysis Methods (Blueprints for data gathering, measurement, and analysis)
- 📌 Session 9 & 10: Research Proposal Development & Review
🔹 Step 2: Practical Research Phase (နောက်ဆုံး ၄ လ)
- Step 1 ၏ Evaluation ရလဒ်များအပေါ် မူတည်၍ အလားအလာ အရှိဆုံး (၁၅) ဦး (Finalists) ကိုသာ နောက်ဆုံးအဆင့်သို့ ရွေးချယ်သွားပါမယ်။
- 🎁 Special Benefit for Finalists: ဒုတိယအဆင့်သို့ ရွေးချယ်ခံရသည့် Finalists (၁၅) ဦးအတွက် မိမိတို့၏ သုတေသနလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် Project Allowances ထောက်ပံ့ပေးသွားပါမယ်။
- ရွေးချယ်ခံရသော ၁၅ ဦးသည် မိမိတို့ စိတ်ဝင်စားမှုအလိုက် တစ်ဦးချင်း (Individual) သို့မဟုတ် အဖွဲ့လိုက် (Group Project) ဖြင့် ၄ လကြာ လက်တွေ့ သုတေသနလုပ်ငန်းများကို Mentor/Supervisor များ၏ နီးကပ်စွာ လမ်းညွှန်မှုဖြင့် အပြီးသတ် ဆောင်ရွက်ရပါမယ်။
- သင်တန်းအပြီးတွင် Peer Review အဆင့်ဆင့်ဖြတ်သန်းပြီး မိမိတို့၏ သုတေသနရလဒ်များကို Final Research Presentation & Graduation Ceremony တွင် တင်ပြခွင့်ရရှိပါမည်။ ဒါ့အပြင် ၂၀၂၇မှာလုပ်မယ့် KIMOရဲ့ research seminar မှာလည်း မိမိရဲ့ သုတေသနရလဒ်များကို တင်ပြနိုင်ဦးပဲဖြစ်ပါတယ်။
📅 ၆ လတာ အချိန်ဇယား Overview (Timeline)
- ဒီဇင်ဘာ- ဇန်နဝါရီ(Weeks 1 – 8): Research Training Phase & Proposal Draft Submission
- ဖေဖော်ဝါရီ (Weeks 9 – 12): Proposal Finalization & Data Collection Tools Piloting
- မတ် (Weeks 13 – 16): Fieldwork / Online Data Collection & Data Cleaning
- ဧပြီ (Weeks 17 – 20): Data Analysis & Initial Draft Writing
- မေ (Weeks 21 – 24): Peer Review, Final Report & Final Presentation Ceremony
🙋♂️ ဘာတွေ လိုအပ်သလဲ။ (Eligibility Criteria)
- သုတေသနနှင့် ပတ်သက်သည့် အခြေခံအသိပညာ (Basic Research Knowledge) ရှိထားသူ ဖြစ်ရပါမယ်။
- Zoom Live Training (7:00 PM – 8:30 PM) အပါအဝင် ၆ လတာ ကာလအတွင်း သင်တန်းနှင့် လက်တွေ့သုတေသန လုပ်ငန်းများတွင် အချိန်ပေး၍ တက်ကြွစွာ ပါဝင်နိုင်သူ ဖြစ်ရပါမယ်။
- ကိုယ်ပိုင် သုတေသနတစ်ခုကို အောင်မြင်စွာ ရေးသားထုတ်ဝေချင်သည့် ပြင်းပြသော ဆန္ဒ ရှိရမယ်။
🔗 လျှောက်ထားရန် နည်းလမ်း
မိမိရဲ့ သုတေသနစွမ်းရည်ကို လက်တွေ့ကျကျ မြှင့်တင်ပြီး အတွေ့အကြုံကောင်းများ ရယူချင်တယ်ဆိုရင်တော့ ယခုပဲ လျှောက်ထားလိုက်ပါ!
👉 Application Link: https://docs.google.com/forms/d/e/1FAIpQLSc9wnLzQdGyP_nGXeahP4IGO6KipFHRowSM34SWelvN8xniuw/viewform?usp=publish-editor
📅 Deadline: November 20, 2026
သုတေသန ခရီးစဉ်ကို အတူတကွ စတင်ဖို့ စောင့်မျှော်နေပါတယ်။ ✨