ချင်းပြည်နယ်၏ လက်ရှိနိုင်ငံရေးနှင့် စစ်ရေးအပြောင်းအလဲ
၂၀၂၆ အောက်တိုဘာ (Shwin & Asa)
၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း ချင်းပြည်နယ်၏နိုင်ငံရေးနှင့် စစ်ရေးအခင်းအကျင်းများသည် ထူးခြားသည့် အကူးအပြောင်း ကာလတစ်ခုသို့ ရောက်ရှိနေသည်။ တစ်ဖက်တွင်ချင်းတော်လှန် ရေးအင်အားစုများအကြား ကွဲပြားမှုများကိုကျော်လွန်၍အမျိုးသား ရေးပေါင်းစည်းညီညွတ်မှု နှင့် အုပ်ချုပ်ရေးဆိုင်ရာဘုံကောင်စီဖွဲ့ စည်းနိုင်ရန် ထိပ်သီးနိုင်ငံရေးဆွေးနွေးပွဲများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး တစ်ဖက်တွင်လည်းစစ်ကောင်စီတပ်ကအရပ် သားပြည်သူများ၊ ဘာသာရေးအဆောက်အအုံများ နှင့် အခြေခံအ ဆောက်အဦများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု များကိုတိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ အဆိုပါနိုင်ငံရေးအရပြန် လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များသည် စစ်ကောင်စီ၏ အရှိန် အဟုန်မြှင့်တိုက်ခိုက်နေသည့်စစ်ရေးဖိအားများကြားမှ ပေါ်ပေါက် လာခြင်းဖြစ်ရာ၊ တော်လှန်ရေးအဖွဲ့အစည်းများအကြား နိုင်ငံရေး ဆိုင်ရာပေါင်းစည်းမှုပြုလုပ်ရန်ကြိုးပမ်းသည့်ဖြစ်စဉ်ကိုခွဲခြမ်းစိတ်ဖြာသုံးသပ်သွားမည်ဖြစ်သည်။
အောက်ပါလင့်တွင် PDF ဖြင့်ဖတ်ရှုရန်