[သင်တန်းအသစ်နဲ့မိတ်ဆက်ခြင်း]
အားလုံးပဲမင်္ဂလာပါ။
KIMO Institute မှကြိုဆိုလိုက်ပါတယ်။
KIMO Institute ကနေပြီး လူငယ်တွေအတွက် Personal Life Skills စွမ်းရည်မြှင့်တင်ရေးသင်တန်း တစ်ခုကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
– Self-awareness
– Critical Thinking Skills
– Communication Skills
– Public Speaking Skills
– Leadership Skills
စတဲ့ခေါင်းစဉ်တွေကို အသေးစိတ်လေ့လာနိုင်မှာဖြစ်ပါတယ်။
– ကိုယ်ပိုင်စွမ်းဆောင်ရည်မြှင့်တင်လိုသူများ
– ခေါင်းဆောင်ကောင်းဖြစ်လိုသူများ
– စကားပြောစွမ်းရည်တိုးတက်လိုသူများ အပြင်
– စနစ်တကျတွေးခေါ်စဉ်းစားလိုသူများ စတဲ့သူတွေပါဝင်နိုင်မှာဖြစ်ပါတယ်။
– သင်တန်းလျှောက်ထားသူသည် အသက် ၁၆ နှစ်- ၃၀ နှစ်ကြားသတ်မှတ်ထားပြီး (၅) ရက်တာသင်တန်းကို အပြည့်အဝတက်ရောက်နိုင်သူဖြစ်ရပါမယ်။
– မြန်မာနိုင်ငံရှိမည်သည့်နေရာဒေသမဆို ကျား/မ မရွေး စိတ်အားထက်သန်စွာ လေ့လာလို စိတ်ရှိပြီး မိမိကိုယ်ပိုင်စွမ်းရည်ကို မြှင့်တင်လိုသူဖြစ်ရပါမယ်။
နေ့ရက်- ဇန်နဝါရီလ (၂) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်၊ ၂၀၂၄ ခုနှစ် (၅ရက်တိတိ)။
အချိန်- မြန်မာစံတော်ချိန် မနက် (၁၀) နာရီမှ နေ့လည် (၁) နာရီ။
နေရာ- Zoom Meeting (Online)
လျှောက်ထားလာသူများထဲမှ အဆင့်ဆင့်ရွေးချယ်ပြီးနောက် Virtual စနစ်ဖြင့် လူတွေ့အင်တာဗျူး အစီအစဉ်ပါဝင်မှာဖြစ်ပြီး အင်တာဗျူးအစီစဉ်တွင်ပါဝင်ခွင့်ရသူများကို Email ကနေတစ်ဆင့် အကြောင်းကြားသွားမှာဖြစ်ပါတယ်။