Scholarship Webinar

Scholarship Sharing Webinar

ထိုင်းနိုင်ငံရှိနာမည်ကြီး NIDA University ရဲ့ Master’s Program တွေနဲ့ Scholarship အကြောင်းသိပြီလား?
ဒီတစ်ခါမှာတော့ KIMO Institute နဲ့ The Initiative တို့ပူးပေါင်းပြီး မျှဝေသွားမည့် NIDA University နဲ့ ပညာသင်ဆုအကြောင်းလေးပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့နာမည်ကြီးတက္ကသိုလ်ကြီးတွေထဲကတစ်ခုဖြစ်တဲ့ NIDA University မှာ ပြည့်သူ့ရေးရာစီမံခန့်ခွဲမှုပညာများအပြင် ၎င်းတက္ကသိုလ်မှ နှစ်စဉ်ပေးအပ်နေတဲ့ ပညာသင်ဆုများရှိလိုသူများအတွက် စီစဉ်ပေးထားပါတယ်။
Ⓜ️မျှဝေသွားမည့်အကြောင်းအရာများ
📍ပညာသင်ဆုရရှိနိုင်ဖို့ဘယ်လို. ပြင်ဆင်ရမလဲ။
📍ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေကနေလက်ရှိပေးနေထိုင်း ပညာသင်ဆုများ
📍NIDA University ကနေပေးနေတဲ့ MPPM Program အကြောင်း
🗣️Guest Speaker
➡️Ms. Hsu Nway Oo May ဖြစ်ပြီး သူမဟာဆိုရင် B.A English ကို ဒဂုန်တက္ကသိုလ်ကနေ ရယူခဲ့ပြီး Post Graduate Study of Social Work ကိုလည်း ရန်ကုန်တက္ကသိုလ်ကနေရရှိခဲ့သူဖြစ်ပါတယ်။ ပညာရေး ဆိုင်ရာ လူမှုလုပ်ငန်းများ၊NGOs နယ်ပယ်များနှင့် Business လုပ်ငန်း တွေမှာ သင်ကြားရေး နဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး နဲ့ ပတ်သက်ပြီး ၈ နှစ်ကျော် အတွေ့အကြုံရှိသူဖြစ်ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ NIDA University မှာ Master’s in Public and Private Management ကို Partial ပညာသင်ဆုနဲ့ တက်ရောက်နေသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် “The Initiative Organization” ရဲ့ Co-founder” လည်းဖြစ်ပြီး လူငယ်တွေရဲ့စွမ်းရည်မြင့်တင်ရေး လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွပါ ဝင်ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။
🛑ဆွေးနွေးမည့်ပုံစံ
အထက်ပါ အကြောင်းအရာများကို သေချာဆွေးနွေးတင်ပြမှာဖြစ်ပြီး Q & A အပိုင်းမှာ မေးမြန်းလိုသော အရာများကိုလည်း အပြန်အလှန်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။
🍁စာရင်းသွင်းမည့်ပုံစံ
စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link တွင် စာရင်းသွင်းရုံဖြင့် ပါဝင်တက်ရောက်နိုင် မှာဖြစ်ပါတယ်။
https://docs.google.com/…/1FAIpQLSfyeSTweGj2Dn…/viewform
📆ဆွေးနွေးမည့် ရက်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့
⏰အချိန်။ မြန်မာစံတော်ချိန် ညနေ (၆း၀၀- ၇း၃၀) နာရီ
🚩နေရာ။ Zoom