၂၀၂၆ ခုနှစ် ဇွန်လ အတွင်း ချင်းပြည်တွင်းဖြစ်ပွားခဲ့သောစစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အချက်အလက်များ လစဉ်အနှစ်ချုပ်
အကျဉ်းချုပ်
၂၀၂၆ ခုနှစ် ဇွန်လအတွင်း ချင်းပြည်နယ်၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှုအခြေအနေများမှာ စိန်ခေါ်မှုများ ဆက်လက်မြင့်မားခဲ့သည်။ စစ်ရေးပဋိပက္ခများကြောင့် မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီ၊ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံများတွင် နေရပ်စွန့်ခွာမှုများ၊ အခြေခံဝန်ဆောင်မှု ပြတ်တောက်မှုများနှင့် လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်များ မြင့်တက်ခဲ့သည်။ ထို့အပြင် စစ်ဘေးရှောင်များ မီဇိုရမ်သို့ ဆက်လက်ဝင်ရောက်လာသဖြင့် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုမြင့်တက်ခဲ့သည်။ အချို့ဒေသများတွင် ပညာရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ပြန်လည်လည်ပတ်လာသော်လည်း အခြေအနေမှာ မတည်ငြိမ်သေးပေ။ PDF ဖြင့် June 2026 Report in PDF