Uncategorized

Diploma in Constitutional Law Batch (1) Graduation Ceremony

KIMO Institute ရဲ့ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ “The 1st Graduation Ceremony” ကို ယနေ့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဒီနေ့ဟာ ကျွန်မတို့ KIMO Institute အတွက်သာမက သင်တန်းသား/သူ အားလုံးအတွက်ပါ အလွန်ဂုဏ်ယူဖို့ကောင်းတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ Diploma in Constitutional Law (Batch 1) အတန်းရဲ့ အတန်းသူ၊ အတန်းသား (၁၅)‌ ယောက်ရဲ့ ကြိုးစားမှုတွေကို စုပေါင်းဂုဏ်ပြုခွင့်ရခဲ့ပြီမို့ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာ သာမန်အခြေအနေမှာ ရရှိခဲ့ကြတာ မဟုတ်ပါဘူး။ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ အကန့်အသတ်တွေများစွာကြားထဲကနေ သင်တန်းသားတွေရဲ့ မလျော့သောဇွဲ၊ ကြိုးစားအားထုတ်မှုတွေကြောင့်သာ ဒီနေ့လို ဂုဏ်ယူစရာနေ့တစ်နေ့ ဖြစ်လာခဲ့တာပါ။ ပညာသင်ယူဖို့ ခက်ခဲတဲ့အခြေအနေတွေကြားကနေ မိမိကိုယ်ကိုယ် မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ သင်တန်းသားတွေရဲ့ စိတ်

ဓာတ်ကို ကျွန်မတို့ KIMO အဖွဲ့သားများက လေးလေးနက်နက် အသိအမှတ်ပြု ဂုဏ်ယူပါတယ်ရှင့်။ အနာဂတ်မှာ အလင်းဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
[English Version]
A Milestone of Perseverance and Success!
We are thrilled to announce the successful completion of the 1st Graduation Ceremony of Diploma in Constitutional Law of KIMO Institute. Today marks a historic moment for our community as we celebrate the achievements of graduates. This journey has been anything but easy. Our students have reached this milestone by overcoming countless challenges, uncertainties, and limitations. Their unwavering dedication and resilience in seeking knowledge, even during the most difficult times truly inspire us all. At KIMO Institute, we are deeply honored to have walked this path alongside such determined individuals. Your success today is a testament to your strength and passion for learning. Congratulations to all our graduates! May you continue to shine and create a positive impact in your communities.