Law School
Calling Applications for Certificate in the Environment and Human Rights
May 25, 2026
·
12 min read
Calling Applications for Certificate in the Environment and Human Rights

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်းဟာ ဥပဒေတစ်ရပ်သာ မဟုတ်ပါဘူး။ လူ့ဘဝကို ကာကွယ်ခြင်းပဲဖြစ်ပါတယ်။လေထုညစ်ညမ်းမှု၊ရေညစ်ညမ်းမှု၊ရာသီဥတုပြောင်းလဲမှုတွေဟာ သဘာဝပြဿနာတွေသာမကအသက်ရှင်ခွင့်၊ ကျန်းမာရေးခွင့်၊ ဘဝအဆင့်အတန်း ကို ထိခိုက်စေတဲ့ လူ့အခွင့်အရေးပြဿနာတွေဖြစ်ပါတယ်။ ဒီအခြေခံကို နားလည်စေဖို့KIMO Institute မှ”The Environment and Human Rights” Certificate Course ကို ဖွင့်လှစ်ပေးလိုက်ပါတယ်။

ဒီ Certificate Course မှာ ဘာတွေကို အဓိက သင်ယူကြရမလဲ?

Environmental Law ရဲ့ အခြေခံသဘောတရားများ

Human Rights နဲ့ Environment တို့ရဲ့ ဆက်စပ်မှု


Climate Change က လူ့အခွင့်အရေးကို ဘယ်လိုသက်ရောက်သလဲ

Business Decisions တွေနဲ့ Environmental & Human Rights Responsibilities

Myanmar Environmental Laws နှင့် လက်တွေ့ Case Studies တွေကို ဝါရင်းအတွေးကြုံ ဆရာမ များနဲ့ အတူ သင်ယူရမှာဖြစ်ပါတယ်။ ဒီသင်တန်းကဥပဒေကျောင်းသားများသာမက လူငယ်ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးလုပ်ငန်းတွင် ပါဝင်သူများအတွက်ပါ အသုံးဝင်မယ့် သင်တန်းလေးတစ်ခု ဖြစ်ပါတယ်။

သင်တန်းပြီးဆုံးရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေက-

သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အတွေးအခေါ်အဆင့်မှာ နားလည်နိုင်မှု

စီးပွားရေး၊ လူမှုရေး၊ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ တာဝန်ယူတတ်တဲ့ မြင်ကွင်းကျယ်မှု

International Standards ကို အခြေခံထားတဲ့ Certificate တစ်ခု

Lecture တစ်ဖက်သတ်မဟုတ်ဘဲDiscussion, Case Study, Group Work တွေနဲ့ တကယ့်လက်တွေ့အတွေ့အကြုံ အစရှိတာတွေကို ရရှိသွားမှာဖြစ်ပါတယ်။

သင်တန်းကာလ – ၁ လ (စုစုပေါင်း ၁၄ နာရီ)

အတန်းသားဦးရေ – ၃၀ ဦးသာ (Limited Seats)

Weekend Classes (Sat & Sun) ( 10:00 AM – 12:00PM)
သင်တန်းစမည့်ရက်။ 7th February ,2026
သင်တန်းကြေး= အခမဲ့
Admission Fees – 30,000MMK
အတန်းသားဦးရေကန့်သတ်ထားတာကြောင့်
စိတ်ဝင်စားရင် လက်မနှေးပါနဲ့လို့ အကြံပြုလိုက်ပါရစေ။

Registration