Introduction To Research Using SPSS အတွက်သင်တန်းသားများခေါ်ယူခြင်း
အားလုံးပဲမင်္ဂလာပါရှင့်။
ကီမိုအင်စတင်ကျူးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ကျွန်မတို့ KIMO Institute ဟာဆိုရင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်းများကို အထောက်အကူဖြစ်စေမယ့် အစီစဉ်များကို အဓိကထား မြင့်တင်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာဆိုရင်တော့ သုတေသနလုပ်ငန်းတွေမှာ ရေရှည်ဆောင်ရွက်လိုသူများ၊ Researcher တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုလိုသူများအတွက် သုတေသန ဆိုင်ရာ နည်းလမ်းများ နှင့် သုတေသန ပြုလုပ်ရာတွင် မရှိမဖြစ်အသုံးပြုရမယ့် Analysis Tool ဖြစ်တဲ့ SPSS များကို သေချာစွာ နားလည် တတ်ကျွမ်း အသုံးပြုတတ်စေရန် ရည်ရွယ်ပြီး Introduction to Research Using SPSS ဆိုတဲ့ အတန်းတစ်ခုကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
ဤသင်တန်းမှာတော့
Introduction to Research
Google Form to Excel (Data Input to SPSS)
Preparing SPSS workplace
What is Pilot Test? (Reliability Test)
Descriptive Analysis
Pearson Correlation
Inferential Analysis
Regression
Hypothesis testing စတဲ့ခေါင်းစဉ်တွေကို အဓိက သင်ကြားရမှာဖြစ်ပြီး Research နယ်ပယ်နဲ့ သင်ကြားရေး (၁၀)နှစ်ကျော် အတွေးအကြုံရှိတဲ့ ဆရာနဲ့ အတူ အပြန်အလှန် မေးမြန်းနိုင်မယ့် Practice and Discussion session များကိုပါ ထည့်သွင်းထား တာဖြစ်ပါတယ်။
လျှောက်ထားနိုင်သူများ
———————————————
သုတေသနနှင့်ပတ်သက်၍ သင်တန်းတက်ရောက်ဖူးသူများ။
သင်တန်းကာလ
————————
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့မှ ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ (၂၂) ရက်ထိ။
သင်တန်းချိန်
——————-
– မြန်မာချိန် ညနေ ၅ နာရီမှ ၆ နာရီအထိ၊ တစ်ပတ် (၁) ရက်။
– အပတ်စဉ် တနင်္ဂနွေညတိုင်း။
နေရာ
———
Zoom (Online)
ကန့်သတ်လူဦးရေ(၂၅ )ဦးသာ လက်ခံသွားဖြစ်ပါတယ်။
လျှောက်လွှာလက်ခံမဲ့ကာလ၊ ။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်မှ (၃၀) ရက်နေ့၊ ညနေ (၁၁း၅၉) မိနစ်
အောက်ပါ Link တွင်စာရင်းသွင်းနိုင်ပါတယ်။
သင်တန်းကြေး။ ။ အခမဲ့ဖြစ်ပါတယ်။
မှတ်ချက်။ ။ သင်တန်းကိုအမှန်တကယ် စိတ်ဝင်စားပြီး အစဆုံး တတ်ရောက်နိုင်မှသာ လျှောက်ကြပါရန် မေတ္တာရပ်ခံပါတယ်။
Telegram Channel