School of Rural Development

Call Applications for English Intermediate Level (4 Skills)

A young woman holding Cambridge English books, standing indoors with a thoughtful expression.
[အင်္ဂလိပ်စာသင်တန်းအတွက်သင်တန်းသားသစ်များ ခေါ်ယူခြင်း]
အားလုံးပဲ မင်္ဂလာပါရှင့်
📌ကီမိုအင်စတင်ကျူးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။
🔰ကျွန်ုပ်တို့ ကီမိုအင်စတင်ကျူးဟာဆိုရင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူငယ်တွေရဲ့ ပညာရေးကို အထောက်အကူဖြစ်စေမယ့် အစီစဉ်များကို အဓိကထား မြင့်တင် ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။
🔰ဒီတခါမှာဆိုရင်တော့ဖြင့် နိုင်ငံတကာ အဆင့်မြင့်ပညာရေးကို လက်လှမ်းမှီနိုင်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေအတွက် အထူး ရည်ရွယ်ပြီး စီစဉ်ဖွင့်လှစ်မယ့် အတန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
🔰ဒါကတော့ English Intermediate level (4 skills) ဆိုတဲ့အတန်းလေးပဲဖြစ်ပါတယ်။ ဒီ အတန်းလေးမှာဆိုရင် English စာ သင်ကြားရေးမှာ အတွေ့အကြုံအများကြီးရှိပြီး ကိုယ်တိုင်ကလည်း Academic ပိုင်းတွေမှာ တစ်စိုက်မတ်မတ် သွားနေတဲ့ ဆရာမနဲ့အတူ (၃) လတာ မိမိရဲ့ English စာ စွမ်းရည်ကို Level up လုပ်နိုင်ခွင့် ရမယ့် အစီစဉ်ကောင်းလေးပဲဖြစ်ပါတယ်။
▪️ဒီအတန်းကို ဘယ်သူတွေ တက်ရောက်သင့်ပါသလဲ?
နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ English စာကို ကောင်းမွန်စွာ ပြောဆိုတတ်ချင်တဲ့ လူငယ်များ၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ ကျောင်းတက်ရန်ပြင်ဆင်နေတဲ့လူငယ်များ၊ ပညာသင်ဆု(Scholarship) လျှောက်ရန် ရည်ရွယ်ပြီး English စာကို ပြင်ဆင်နေကြတဲ့ လူငယ်များ၊ မိမိရဲ့ English စာ စွမ်းရည်ကို level up လုပ်ချင်တဲ့ လူငယ်များ မည်သူမဆို လူမျိုးဘာသာ၊ နေရာဒေသ မရွေး၊ အွန်လိုင်းရရှိရုံနဲ့ တက်ရောက်နိုင်ပါတယ်။
🌐English Intermediate (4 skills) အတန်းကို တက်ရောက်ဖို့ဆိုရင် အောက်မှာ ပေးထားတဲ့ Register link ထဲကို ဝင်ပြီး Placement Test ကို ဖြေဆိုရမှာဖြစ်ပြီး၊ ကျောင်းဖက်က သတ်မှတ်ထားသော အမှတ် ပြည့်မီတဲ့သူတွေ တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။
▪️အတန်းတက်ရောက်ဖို့အတွက် အသက်ကန့်သတ်ချက်ရှိပါသလား?
အသက်ကန့်သတ်ချက်အနေနဲ့ ယေဘုံယျအားဖြင့် အသက် (၁၅)နှစ်ကနေ (၃၀)နှစ်အထိ သတ်မှတ်ထားပါတယ်။
▪️အတန်းတက်ရောက်ဖို့ ဘာတွေလိုအပ်ပါသလဲ?
English Intermediate (4 skills) Class ကို တက်ဖို့ဆိုရင်
(၁) ကျောင်းဖက်မှ သတ်မှတ်ထားသော Placement Test အမှတ်ပြည့်မှီသူ
(၂) English စာကို အမှန်တကယ် တက်ရောက်လိုသူ
(၃) သင်တန်းကို အစအဆုံး ပြီးမြောက်အောင် တက်ရောက်နိုင်သူ
(၄) အတန်းထဲတွင် ဆရာမ မှ ပေးသော Unit Test တွေကို သတ်မှတ်တဲ့ အချိန်အတွင်း ဖြေဆိုနိုင်သူ ဖြစ်ရမယ်။
▪️သင်တန်းလက်ခံမည့် ဦးရေ။
Placement Test အမှတ်ပြည့်မှီပြီးသူ (၃၀) ယောက်သာ လက်ခံမှာဖြစ်ပါတယ်။
▪️သင်တန်းလျှောက်နိုင်သည့် ကာလသတ်မှတ်ချက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်မှ အောက်တိုဘာလ (၁၂)ရက်နေ့၊ ည (၁၁း၅၉ မိနစ်)
သင်တန်းကာလ = (၃) လ (အောက်တိုဘာလ-ဒီဇင်ဘာလ ၂၀၂၄)
သင်တန်းနေ့ = အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး (တစ်ပတ်ကို (၃)ရက်)
သင်တန်းအချိန် = ညနေ (၈ နာရီ – ၉ နာရီ ခွဲ)
သင်တန်းစတင်မည့်ရက် = အောက်တိုဘာလ (၁၅) ရက် (အင်္ဂါနေ့ည)
သင်တန်းကြေး = အခမဲ့
🔴မှတ်ချက်။ ။ ယခုအတန်းသည် Elementary, Pre Intermediate Level ရှိသည့် ကျောင်းသား/ သူများ အား Intermediate Level အထိ သင်ပေးမည့် အတန်းဖြစ်ပါသည်။
ကဲ့… ဒါဆိုရင် Deadline လေး မကျော်ခင်မှာ မိမိရဲ့ English level ကို မြင့်တင်နိုင်ဖို့အတွက် Placement Test ကို မြန်မြန်လေးဖြေပြီး သင်တန်းကိုလျှောက်လိုက်ကြရအောင်ပါရှင့်။