Law School

Call Applications for Constitutional Law

မင်္ဂလာပါ KIMO Institute မှ ကြိုဆိုပါတယ်ရှင့်။ သင်ဟာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံသမိုင်းကြောင်း၊ နိုင်ငံရေး ယဉ်ကျေးမှု၊ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေး၊ တရားမှုတမှုတွေကို စိတ်ဝင်စားသူတစ်ဦးလား ဖြစ်ပါသလား။ ဒါဆိုရင် ဒီတခေါက် ကျွန်မတို့ရဲ့ KIMO Institute ကနေပြီး နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံအုတ်မြစ်လည်းဖြစ်၊ လူတိုင်းလည်းသိထားသင့်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ဒီပလိုမာ သင်တန်းလေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။
ဒီသင်တန်းလေးကနေ ဘယ်လို သင်ခန်းစာတွေလေ့လာရမှာလဲ???
1. Constitutional Law
2. Constitutional Federalism
3. Jurisprudence
4. Administrative Law
5. Constitutional Rights
6. Minority Affairs တို့ကို လေ့လာကြရမှာ ဖြစ်ပါတယ်။
ဒီသင်တန်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရမှာလဲ???
– ဖွဲ့စည်းပုံအခြေခံဥပဒေသဘောတရား နဲ့ လုပ်ထုံးလုပ်နည်းတွေကို သုံးသပ်နိုင်ခြင်း
– ဖွဲ့စည်းပုံဆိုင်ရာ ရှုပ်ထွေးလှသည့်အငြင်းပွားဖွယ်ရာများကို သုံးသပ်နိုင်ခြင်း
– ဥပဒေ နှင့် လက်တွေ့ အခြေအနေများကို ကောင်းမွန်စွာ နားလည်နိုင်ခြင်း
– ဖွဲ့စည်းပုံဆိုင်ရာ ကျူးလွန်မှုများအပေါ် အစိုးရ၏ တာဝန်ရှိမှုများကို နားလည်နိုင်ခြင်း
– ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများကို စဉ်းစားချင့်ချိန်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုလူတွေက ဒီသင်တန်းမှာ လျှောက်ထားခွင့် ရှိမှာလဲ???
– တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ
– GED အောင်မြင်ပြီးသူများ
– မည်သည့်ဘာသာရပ်ဖြင့်မဆို ဘွဲ့တစ်ခုမပြီးသေးသူများ နှင့်
– ဥပဒေပြုရေးနယ်ပယ်တွေမှာ လုပ်ကိုင်နေတဲ့ အသက် ၃၀ နှစ် မပြည့်သေးသော မည်သူမဆို လျှောက်ထားခွင့် ရမှာ ဖြစ်ပါတယ်။
ဘယ်လိုသင်ကြားနည်းတွေနဲ့ သင်ကြားသင်ယူရမှာလဲ???
Zoom Platform ကနေ သင်တန်းသားအခြေပြု သင်ကြားနည်းစနစ် ကို အသုံးပြုကာ group discussion, role play, problem-based learning, Q& A webinar session တို့နဲ့ တက်ကြွစွာသင်ကြားသင်ယူကြရမှာ ဖြစ်ပါတယ်။
သင်တန်းကာလကရော ဘယ်လောက်ကြာမှာလဲ???
ဒီပလိုမှာ သင်တန်းလေး ဖြစ်တာကြောင့် သင်တန်းကာလမှာ ၆လ ကြာမြင့်မှာ ဖြစ်ပြီး
First Semester: 22 th September 2025 to 15th December 2025
Second Semester: 5th January 2026 to 15th April 2026 ဆိုပြီး တက်ရောက်ကြရမှာ ဖြစ်ပါတယ်။
🤔ဘယ်သူ​တွေက သင်ကြား​ပေးမှာလဲ??
နိုင်ငံတကာအတွေ့အကြုံရှိ ဥပဒေနဲ့ PhD ရရှိပြီး ဝါရင့်ဆရာ၊ ဆရာမများ နှင့် သင်ယူကြရမှာ ဖြစ်တဲ့အတွက် လက်မလွှတ် သင့်တဲ့ သင်တန်းလေး တစ်ခုဖြစ်ပါတယ်။
🤗Scholarship အစီစဉ်ရှိပါလား??
ရွေးချယ်ခံရတဲ့ ကျောင်းသား/သူ အယောက် ၃၀ ကို Full Scholarship ပေးအပ်သွားမှာ ဖြစ်တဲ့အတွက်
အမြန်ဆုံးလျှောက် ထားလိုက်ဖို့ အကြံပြုချင်ပါတယ်ရှင့်။
📜သင်တန်းအချက်အလက်
🖊တက်ရောက်ခွင့် လျှောက်ထားခြင်း – သြဂုတ်လ (၁၁) ရက်နေ့ကနေ (၃၀) ရက်နေ့ အထိ
📆သင်တန်းစတင်မည့် ရက် – ၂၀၂၅ခုနှစ်၊စက်တင်ဘာလ (၂၂) ရက်နေ့
🗓သင်တန်းကာလ – (၆)လ
🕣သင်တန်းချိန် – ညနေ (၇) နာရီ မှ (၉) နာရီ (တနင်္ဂလာ၊အင်္ဂါ၊ဗုဒ္ဓဟူး)
💲သင်တန်းဝင်ကြေး – 50000 MMK
သင်တန်းကြေး – 200000 MMK
(၁၀၀% ပညာသင်ဆုအတွက်​လျှောက်ထားနိုင်ပါသည်။)
အောက်ပါ 🔗 Link တွင်လျှောက်လွှာတင်နိုင်ပါပြီရှင့်။
#kimoinstitute
#education
#diploma-Constitutional law