Law School

Calling Applications for Certificate in the Environment and Human Rights

Calling Applications for Certificate in the Environment and Human Rights🌿 သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်းဟာ ဥပဒေတစ်ရပ်သာ မဟုတ်ပါဘူး။ လူ့ဘဝကို ကာကွယ်ခြင်းပဲဖြစ်ပါတယ်။လေထုညစ်ညမ်းမှု၊ရေညစ်ညမ်းမှု၊ရာသီဥတုပြောင်းလဲမှုတွေဟာ သဘာဝပြဿနာတွေသာမကအသက်ရှင်ခွင့်၊ ကျန်းမာရေးခွင့်၊ ဘဝအဆင့်အတန်း ကို ထိခိုက်စေတဲ့ လူ့အခွင့်အရေးပြဿနာတွေဖြစ်ပါတယ်။ ဒီအခြေခံကို နားလည်စေဖို့KIMO Institute မှ”The Environment and Human Rights” Certificate Course ကို ဖွင့်လှစ်ပေးလိုက်ပါတယ်။
📘 ဒီ Certificate Course မှာ ဘာတွေကို အဓိက သင်ယူကြရမလဲ?
✔️ Environmental Law ရဲ့ အခြေခံသဘောတရားများ
✔️ Human Rights နဲ့ Environment တို့ရဲ့ ဆက်စပ်မှု

✔️ Climate Change က လူ့အခွင့်အရေးကို ဘယ်လိုသက်ရောက်သလဲ
✔️ Business Decisions တွေနဲ့ Environmental & Human Rights Responsibilities
✔️ Myanmar Environmental Laws နှင့် လက်တွေ့ Case Studies တွေကို ဝါရင်းအ​တွေးကြုံ ဆရာမ များနဲ့ အတူ သင်ယူရမှာဖြစ်ပါတယ်။ ဒီသင်တန်းကဥပဒေကျောင်းသားများသာမက လူငယ်ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးလုပ်ငန်းတွင် ပါဝင်သူများအတွက်ပါ အသုံးဝင်မယ့် သင်တန်းလေးတစ်ခု ဖြစ်ပါတယ်။
🎓 သင်တန်းပြီးဆုံးရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေက-
🌱 သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အတွေးအခေါ်အဆင့်မှာ နားလည်နိုင်မှု
🌱 စီးပွားရေး၊ လူမှုရေး၊ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ တာဝန်ယူတတ်တဲ့ မြင်ကွင်းကျယ်မှု
🌱 International Standards ကို အခြေခံထားတဲ့ Certificate တစ်ခု
🌱 Lecture တစ်ဖက်သတ်မဟုတ်ဘဲDiscussion, Case Study, Group Work တွေနဲ့ တကယ့်လက်တွေ့အတွေ့အကြုံ အစရှိတာတွေကို ရရှိသွားမှာဖြစ်ပါတယ်။
⏰ သင်တန်းကာလ – ၁ လ (စုစုပေါင်း ၁၄ နာရီ)
👥 အတန်းသားဦးရေ – ၃၀ ဦးသာ (Limited Seats)
📅 Weekend Classes (Sat & Sun) ( 10:00 AM – 12:00PM)
သင်တန်းစမည့်ရက်။ 7th February ,2026
သင်တန်းကြေး= အခမဲ့
Admission Fees – 30,000MMK
အတန်းသားဦးရေကန့်သတ်ထားတာကြောင့်
စိတ်ဝင်စားရင် လက်မနှေးပါနဲ့လို့ အကြံပြုလိုက်ပါရစေ။
📩 Registration
https://forms.gle/bfusRDQBQpHqyS8r5