Scholarship Webinar

Child’s Dream Scholarship Sharing Session!

Child’s Dream Scholarship Sharing Session!
အားလုံးပဲ မင်္ဂလာပါရှင့်။ ဒီတခေါက်မှာတော့ KIMO Institute ကနေပြီး Dream Country တခုဖြစ်တဲ့ ထိုင်းနိုင်ငံက နာမည်ကြီး တက္ကသိုလ်တွေမှာ Scholarship နဲ့ ပညာသင်ယူဖို့ အခွင့်အရေးကို ရှာဖွေနေပြီး ဘယ်လိုပြင်ဆင်ရမယ်၊ ဘယ်ကနေ စတင်ရမယ်ဆိုတဲ့ လမ်းပြမြေပုံ ရှာဖွေနေသူတွေအတွက် Child’s Dream Scholarship နဲ့ ပတ်သက်တဲ့ Sharing Session လေးကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
🎓 Guest of Honor
• Child’s Dream Scholarship အတွေ့အကြုံ မျှဝေပေးမယ့်သူကတော့ လက်ရှိ Chiang Mai University မှာ Social Science ဘာသာရပ်နဲ့ ဘွဲ့ကြိုတန်း တက်ရောက်နေပြီး Pre-College Program (PCP) Diploma ရရှိထားတဲ့ ကိုဇင်ဘိုဦးပဲ ဖြစ်ပါတယ်။ ကို ဇင်ဘိုဦးဟာဆိုရင် ကျောင်းသားခေါင်းဆောင်မှု၊ ပညာရေးဆိုင်ရာ ကူညီပံ့ပိုးမှုနှင့် လူထုကျန်းမာရေး အသိပညာပေး လုပ်ငန်းတွေမှာ ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ပြီး ၅နှစ်ကျော် အတွေ့အကြုံ ရှိသူဖြစ်ပါတယ်။ Kyaung Su Volunteer Groupရဲ့ အတွင်းရေးမှူးချုပ်ဟောင်း ဖြစ်ပြီး Burma Institute for Rural Development (B.I.R.D) မှာလည်း Operation Specialist အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ကိုဇင်ဘိုဦးရဲ့ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ စိတ်ဝင်စားမှုတွေကတော့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုတရားမျှတမှုနှင့် အခြေခံကျတဲ့ ခေါင်းဆောင်မှုတွေပဲဖြစ်ပါတယ်။
💡 Sharing Session မှ ရရှိမည့် အကျိုးကျေးဇူးများ
ဤ Session သို့ တက်ရောက်ခြင်းဖြင့်…
1. Child’s Dream Scholarship လျှောက်လွှာ ပြင်ဆင်ရာမှာ လိုအပ်တဲ့ အဓိကလိုအပ်ချက်‌တွေနှင့် ပြင်ဆင်မှု နည်းဗျူဟာတွေကို တိကျစွာသိရှိနိုင်ခြင်း၊
2. Community Development အတွေ့အကြုံတွေကို ပညာရေး အခွင့်အလမ်းတွေအဖြစ် ဘယ်လို ပြောင်းလဲရယူခဲ့တယ်ဆိုတာကို လေ့လာနိုင်ခြင်း၊
3. မေးခွန်းများ တိုက်ရိုက်မေးမြန်းခြင်း ဖြင့် Scholarship လျှောက်ထားရာတွင် ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ကြိုတင်ပြင်ဆင်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။
🗓 Sharing Session Details
Speaker: Mr. Zin Bo Oo
Date: December 22, 2025 (Monday)
Time: 7:00PM- 9:00PM (Myanmar Time)
Platform: Zoom
📝 စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ပါ Link မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။