အားလုံးပဲမဂ်လာပါရှင့်။
ဒီတစ်ခေါက် KIMO Institute ရဲ့ Research Centre ကနေပြီးတော့လူငယ်တွေအတွက်ထပ်မံယူဆောင်လာတဲ့အခွင့်အရေးလေးကတော့ “ Basic Documentation Training for Youth” ဆိုတဲ့ training လေးပဲဖြစ်ပါတယ်ရှင့်။
လူငယ်တွေအနေနဲ့ သတင်းအချက်အလက်တွေကိုဘယ်လိုမျိုးစည်းစနစ်တကျကောက်ယူရမလဲ? သတင်းအမှန်နဲ့သတင်းအတုကြားဘယ်လိုအချက်တွေကွာခြားသလဲ? ကိုယ့်ပတ်၀န်းကျင်မှာဖြစ်ပျက်နေသောအကြောင်းအရာတွေကိုသတင်းတစ်ခုအနေဖြင့် ဘယ်လိုမှန်ကန်စွာပြန်လည်ရေးကြမလဲ? ဒီအချက်တွေကိုအသေးစိတ်သိချင်ပြီးလျှောက်ထားသူဟာ
၁။ အသက် ၁၅ နှစ် နှင့် ၂၅ နှစ်ကြားလူငယ်ဖြစ်သူ၊
၂။ သင်တန်းနှစ်ရက်လုံးကိုအချိန်ပေးတက်ရောက် နိုင်တဲ့သူ၊
၃။ zoom application ကိုအသုံးပြုပြီးသင်ကြားမှာဖြစ်တဲ့အတွက်ကြောင့် zoom application ကိုအသုံးပြုနိုင်သူ၊
၄။ သင်တန်းတက်ရောက်နေစဥ် camera ကိုဖွင့်ထားနိုင်သူ။
ဒီအချက်လေးတွေနဲ့ကိုယ်ကကိုက်ညီတယ်ဆိုရင်တော့အခုပဲ “ Basic Documentation Training for Youth. ” သင်တန်းလေးကိုအောက်ပါလင့်ခ်မှတဆင့်လျှောက်ထားနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင့်။
လူငယ် ( 30 ) ယောက်ကိုပဲရွေးချယ်သွားမှာဖြစ်လို့အမြန်ဆုံးလျှောက်ထားဖို့တော့လိုပါမယ်ရှင့်။ ရွေးချယ်ခံရသူများကို Email မှတဆင့်ပြန်လည်ဆက်သွယ်သွားမှာဖြစ်ပါတယ်ရှင့်။
လျှောက်လွှာပိတ်ရက်။ ။ 2 / 10 / 2025
သင်တန်းအချိန်။ ။ 4 / 10 / 2025 (Saturday) – 5 / 10 / 2025 (Sunday)
1:00 PM – 3:00 PM (MMT)
သင်တန်းနေရာ။ ။ Zoom Platform