School of Rural Development

Call Applications for “Basic English Elementary (4) Skills Course

Basic Elementary Four Skills Course အတွက် သင်တန်းသူ/သားများလက်ခံနေပါပြီ KIMO Institute နဲ့အတူ မိမိဘဝရည်မှန်းချက် အတွက်အထောက်အကူပြုစေရန် အင်္ဂလိပ်ဘာသာ စကား ကျွမ်းကျင်တတ်မြောက်အောင် သင်ယူကြပါစို့ !
“Basic English Elementary Four Skills Courses”
🔰အဓိကသင်ကြားပေးသွားမှာက Listening, Speaking, Reading & Writing စွမ်းရည် လေးမျိုးစလုံး ကျွမ်းကျင်အောင် သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ ဒီ အတန်းလေးမှာဆိုရင် English စာ သင်ကြားရေးမှာ အတွေ့အကြုံရှိပြီး ကိုယ်တိုင်ကလည်း Academic ပိုင်းတွေမှာ Professional ကျကျသွားနေတဲ့ ဆရာမနဲ့အတူ (၃) လတာအတွင်း မိမိရဲ့ English စာ/စကား စွမ်းရည်ကို Level up လုပ်နိုင်ခွင့် ရမယ့် အစီစဉ်ကောင်းလေးပဲဖြစ်ပါတယ်။ သင်တန်းကြေးကရောဘယ်လောက်လဲ? KIMO Instituteမှ အဂ်လိပ်စာသင်ယူချင်သူတွေအတွက်အခွင့်အလမ်းလေးတစ်ခုဖန်တီပေးချင်တာကြောင့် ယခုအတန်းလေးကိုအခကြေးငွေမယူပဲ Free ဖွင့်ပေးမှာပဲဖြစ်ပါတယ်။ တက်ရောက်သူဘက်ကသင်ယူချင်စိတ်သာလိုအပ်ပြီး မည်သည့်အခကြေးငွေမျှပေးသွင်းရန်မလိုအပ်ပါဘူးရှင့်။ ဒီအတန်းကို ဘယ်သူတွေ တက်ရောက်သင့်ပါသလဲ? နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ English စာကို ကောင်းမွန်စွာ ပြောဆိုတတ်ချင်တဲ့ လူငယ်များ Intermediate level ကို သင်ယူရန်ပြင်ဆင်နေကြသော လူငယ်များ၊ ရုံးပိုင်းဆိုင်ရာတွင် အင်္ဂလိပ်စာနှင့် အမြဲထိတွေ့လုပ်ကိုင်နေကြရသော ဝန်ထမ်းများ မည်သူမဆို အွန်လိုင်းရရှိရုံနဲ့ တက်ရောက်နိုင်င်ပါ တယ်။
အတန်းတက်ရောက်ဖို့ ဘာတွေလိုအပ်ပါသလဲ?
English Elementary (4 skills) Class ကို တက်ဖို့ဆိုရင်
(၁) English စာကို အမှန်တကယ် တက်ရောက်လိုသူ။
(၂) သင်တန်းကို အစအဆုံး ပြီးမြောက်အောင် တက်ရောက်နိုင်သူများ။
(၃) အတန်းထဲတွင် ဆရာမ မှ ပေးသော Unit Test တွေကို သတ်မှတ်တဲ့ အချိန်အတွင်း ဖြေဆိုနိုင်သူ ဖြစ်ရမယ်။
📍 သင်တန်းလက်ခံမည့် ဦးရေ (၃၀) ယောက်သာ လက်ခံသင်ကြားသွားမှာဖြစ်ပါတယ်။
📍 သင်တန်းလျှောက်နိုင်သည့် ကာလသတ်မှတ်ချက်- ၂၀၂၅ ခုနှစ်၊ မေလ (၁) မှ (၂၀) ရက်နေ့၊ ည (၁၁း၅၉ မိနစ်) အထိ
📍 သင်တန်းကာလ = (၃) လ (ဇွန်-ဇူလိုင်-သြဂုတ်လ၂၀၂၅)
📍 သင်တန်းနေ့ = စနေနေ့ / တနင်္ဂနွေနေ့ (တစ်ပတ်ကို (၂) ရက်)
📍 သင်တန်းအချိန် = မြန်မာချိန်ည (၆နာရီ မှ- ၇:၃၀နာရီ ထိ)
📍 သင်တန်းစတင်မည့်ရက် = မေလ (၃၁) ရက် (စနေနေ့)
📍Interview စတင်မည့်ရက်က = မေလ ၂၁ရက်မှ -၂၉ရက်နေ့အထိ
🌐English Elementary (4 skills) အတန်းကို တက်ရောက်မယ်ဆိုရင် အောက်မှာ ပေးထားတဲ့
Register link ထဲတွင် စာရင်းပေးသွင်းနိူင်ပါတယ်။
https://forms.gle/H4JMyV3a8FPWAKVz8
ဒါဆိုရင် Deadline လေး မကျော်ခင်မှာ မိမိရဲ့ English level ကို မြင့်တင်နိုင်ဖို့အတွက်နှင့် အရည်အသွေးကောင်းသော သင်ကြားမှုကို မြန်မြန်လေးရယူနိုင်ဖို့ သင်တန်းကိုလျှောက်လိုက်ကြရအောင်ပါရှင့်။
Telegram Channel- https://t.me/kimoinstitue37