“ချင်းနိုင်ငံရေးသမိုင်းကိုပြန်လည်သုံးသပ်ခြင်း” Webinar Session
———————————————
KIMO Institute ကနေထပ်မံသယ်ဆောင်လာတဲ့ အစီအစဉ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ ဒီတစ်ခေါက်အစီအစဉ်မှာတော့ လူငယ်တွေအတွက်သာမက၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှလူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများအတွက်အထောက်အကူဖြစ်နိုင်တဲ့အကြောင်းအရာလေးကိုပြုလုပ်သွားမှာပဲဖြစ်ပါတယ်။
Webinar လေးရဲ့ခေါင်းစဉ်ကတော့ “ချင်းနိုင်ငံရေးသမိုင်းကို ပြန်လည်သုံးသပ်ခြင်း” ပဲဖြစ်ပြီးတော့ ဆရာ Shing Tun (ဖက်ဒရယ်အရေးလေ့လာသူ) ကဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင့်။ ဒီ Webinar မှာချင်းလူမျိုးေတွရဲ့
Ideology or Identity,
Unity or Secession
အပိုင်းတွေနဲ့ပတ်သတ်ပြီး ကျယ်ပြန့်စွာဆွေးနွေးသွားမှာဖြစ်လို့ ချင်းအမျိုးသားရေးစိတ်ဝင်စားသောလက်သစ်လူငယ်များ၊ ချင်းလူငယ်အဖွဲ့အစည်းများ၊ ချင်းနိုင်ငံရေးသမိုင်းကိုလေ့လာစောင့်ကြည့်နေသောသူများ၊ နိုင်ငံရေးနှင့်ပတ်သတ်ပြီးစုံလင်ကွဲပြားသောအမြင်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွက် တစုံတရာအကျိုးရှိစေမည့် Webinar တစ်ခုဖြစ်မယ်ဆိုတာသေချာပါတယ်ရှင့်။
Webinar ကိုတော့
ပြုလုပ်သွားမှာဖြစ်လို့ စိတ်ဝင်စားပါဝင်ချင်သူများအနေဖြင့်အောက်ဖော်ပါလင့်ခ်ကနေတဆင့်စာရင်းပေးသွင်းပါဝင်နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါရစေရှင့်။