Uncategorized

Call Applications for Human Rights Training Batch 1

Calling Participants for “Human Rights Training”
================================
KIMO Institute ကနေ ပြန်လည်ကြိုဆိုပါတယ်။
KIMO Institute ဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လူငယ်များရဲ့ စွမ်းရည်မြှင့်တင်ရေးကို ဦးတည်လျက် အခမဲ့ သင်တန်းများ ဖွင့်ပေးလျက်ရှိရာ ယခုအခါ ပထမဆုံးအကြိမ်အဖြစ် “Human Rights” သင်တန်းကို ဖော်ဖော်ဝါရီ ၂၁ မှ၂၈ အထိ (၈ )ရက်တာ အခမဲ့ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။
“Let’s create a peaceful world with our hands” ဆိုတဲ့ KIMO Institute ရဲ့ Moto အရ ငြိမ်းချမ်းပြီး တရားမျှတသောကမ္ဘာကြီးကို ကျွန်ုပ်တို့ရဲ့ လက်တွေနဲ့ တည်ဆောက်နိုင်ဖို့ဆိုတာ စစ်မှန်ပြီး အနှစ်သာရရှိသော ၊ လူသားတိုင်း ရပိုင်ခွင့်ရှိသော ၊ လူသားတစ်ဦး အဖြစ် စတင်မွေးဖွားချိန်မှပင် ရထိုက်ခွင့် ဖြစ်တဲ့ လူ့အခွင့်အရေး အကြောင်းကို မှန်မှန်ကန်ကန်နဲ့ စနစ်တကျသိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။
KIMO Institute ကနေ ဖွင့်လှစ်မယ့် Human Rights Training မှာ
☑️လူ့အခွင့်အရေး ၏ အခြေခံသဘောတရားများ၊
☑️လူ့အခွင့်ရေး ကြေညာစာတမ်းအကြောင်း
☑️အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များတွင် ပါဝင်သည့် လူသားတစ်ဦးချင်းစီ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးများအကြောင်း နှင့်
☑️မြန်မာနိုင်ငံ ရှိ ဥပဒေများအား အမျိုးသမီးအရေး၊ လူ့အခွင့်‌ရေးတက်ကြွလှုပ်ရှားနေသူများ က
လူ့အခွင့်ရေး ရှုထောင့်မှ သုံးသပ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
သင်တန်းတွင်သင်ယူရမည့်ခေါင်းစဉ်များ⬇️
===============================
☑️Understanding Human Rights
☑️Universal Declaration of Human Rights
☑️Gender Equality and Women’s Rights
☑️Children’s Rights
☑️Civil and Political Rights
☑️Cultural and Social Rights
☑️Role of the Judiciary in the Protection of Human Rights
တက်ရောက်နိုင်သူများ
− လူ့အခွင့်အရေး နှင့် ပတ်သက်၍ စိတ်ပါဝင်စားသူများ
− လူ့အခွင့်အရေး အကြောင်း အခြေခံမှစ၍ နားလည်လိုသူ
− ၁၆ နှစ် နှင့် အထက် မည်သူမဆို
− ၈ ရက် လုံး အတန်းချိန်အပြည့် တက်ရောက်နိုင်သူ
− တက်ကြွစွာ ပါဝင်ဆွေးနွေးနိုင်သူ
⚠️Note: (လူ့အခွင့်အရေး နှင့် ပတ်သက်၍ အမှန်တကယ်နားလည်တတ်မြောက်လိုသူများသာ တက်ရောက်လာစေရန် ရည်ရွယ်၍ အခမဲ့သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်လာသူများအား ယခုအကြိမ်တွင် ဒေတာ‌ထောက်ပံ့ခြင်း အစီအစဉ် ပါဝင်ခြင်း မရှိကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
ရွေးချယ်မည့် ပုံစံ
♦️(၇ . ၂ . ၂၀၂၄ ) မှ ( ၁၇ . ၂ . ၂၀၂၄ ) ရက်နေ့ အတွင်း registration တင်ရ‌ပေးရမှာဖြစ်ပါတယ်။
♦️(၁၉. ၂. ၂၀၂၄ ) ရက်နေ့တွင် အင်တာဗျူးဖြေဆိုရမှာဖြစ်ပြီး
♦️(၂၀ . ၂. ၂၀၂၄ ) ရက်နေ့တွင် သင်တန်းတက်ရောက်ခွင့် ရကြောင်း email ကနေ တဆင့်အကြောင်းကြားသွားမှာဖြစ်ပါတယ်။
✅ရွေးချယ်ခံရမည့် သူ အရေအတွက် – (၂၅) ဦး
Please Register here before Deadline.✴️
Registration Link : https://docs.google.com/…/1t773vbgxXeZXSM1bgM1RtCG…/edit