Applications Call for Diploma in Public Administration
အပြောင်းအလဲကို စောင့်နေမယ့်အစား ကိုယ်တိုင် ဦးဆောင်မယ့် ‘ခေါင်းဆောင်သစ်’ တွေ ဖြစ်လာဖို့! 🤝🔥
“အဖွဲ့အစည်းတစ်ခုကို ဘယ်လို စနစ်တကျ စီမံခန့်ခွဲမလဲ? အများပြည်သူဆိုင်ရာ မူဝါဒတွေက လူထုအပေါ် ဘယ်လို သက်ရောက်မှု ရှိလဲ?” ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲချင်တဲ့ စိတ်ကူးရှိပေမယ့် ဘယ်ကနေ စရမလဲ ဖြစ်နေလား? အနာဂတ်ရဲ့ အရည်အသွေးရှိတဲ့ အုပ်ချုပ်ရေးပိုင်း ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ဆိုရင် Public Administration (ပြည်သူ့အုပ်ချုပ်ရေးပညာ) ရဲ့ သဘောတရားတွေကို စနစ်တကျ နားလည်ထားဖို့ လိုအပ်တာဖြစ်ပါတယ်!
လူထုကို တကယ်အကျိုးပြုမယ့် စီမံခန့်ခွဲမှုဗျူဟာတွေ၊ မူဝါဒပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ အကျပ်အတည်း ဖြေရှင်းရေး စွမ်းရည်တွေကို ဖြည့်ဆည်းပေးဖို့ KIMO Institute ရဲ့ School of Politics and Economics School ကနေ Diploma in Public Administration အတန်းကို ဖွင့်လှစ်လိုက်ပါပြီဖြစ်ပါတယ်။
✨ ဒီအတန်းမှာ ဘာတွေ ထူးထူးခြားခြား လေ့လာရမလဲ?
ဒီအတန်းဟာ ဆိုရင် စာတွေ့သီအိုရီ သက်သက်တင် မဟုတ်ဘဲ လက်တွေ့နယ်ပယ်မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို အခြေခံပြီး ဆွေးနွေးသင်ကြားနိုင်ရေးအတွက် Interactive & Problem-Based learning ပုံစံကို အသုံးပြုပြီး Zoom နဲ့ Google Classroom ကတစ်ဆင့် Group Discussion, Debate, Case Studies, Role Play နဲ့ Puzzle Games တွေ သုံးပြီး စိတ်ဝင်စားဖို့ကောင်းအောင် သင်ကြားပေးမှာ ဖြစ်ပါတယ်။ အဲအတွက် အသိပညာတွေပဲ တိုးတတ်သွားရုံမဟုတ်ဘဲ Analytical & Argument Skills တွေ သိသိသာသာ တက်လာမှာ သေချာတာဖြစ်ပါတယ်။ သင်ကြားရေးပိုင်းမှာလည်း တကယ့်ကို အတွေးအကြုံဝါရင်းပြီးဖြစ်တဲ့ ဒေါက်တာဘွဲ့ရ ဆရာမကြီးတွေ က အနီးကပ် တာဝန်ယူ သင်ကြားဆွေးနွေးပေးသွားမှာပါ။
Professional Skills: မူဝါဒရေးဆွဲခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း (Negotiation)၊ ပဋိပက္ခဖြေရှင်းခြင်း (Conflict Resolution) နဲ့ လုပ်ငန်းခွင်တွင်း ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်း (Ethical Decision Making) စတဲ့ လက်တွေ့အသုံးချ ခေါင်းဆောင်မှု စွမ်းရည်တွေကို မွေးမြူပေးမှာ ဖြစ်ပါတယ်။
📚 (၆) လတာအတွင်းမှာ ဘာတွေ လေ့လာရမလဲ?
Semester 1:
- Public Administration
- Global Governance:
- Advocacy, Negotiation and Conflict Resolution
Semester 2:
- Diversity, Dialogue and Ethical Leadership
- Immigration Law and Policy:
- Public Management (Humanitarian, Social and Economic
ဘယ်သူတွေ တက်ရောက်သင့်လဲ?
- ဘွဲ့တစ်ခုခု ရရှိထားသူများ (မည်သည့် အထူးပြုဘာသာရပ်ဖြင့်မဆို)။
- လက်ရှိ လူမှုအသိုင်းအဝိုင်းထဲမှာ Community Leaders များ သို့မဟုတ် ဒေသန္တရ အုပ်ချုပ်ရေး (Local Governance) အဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ဆောင်နေသူများ။
- အသက် ၂၀ နှစ်မှ ၃၅ နှစ်အတွင်းရှိပြီး မိမိတို့ရဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုဖို့ စိတ်အားထက်သန်တဲ့ Youth Leaders များနှင့် လုပ်ငန်းခွင်ဝင်နေသူများ။
- အထူးသဖြင့် အုပ်ချုပ်ရေးပညာရပ်ကို စိတ်ဝင်စားသူများ။
Details: ⏳ သင်တန်းကာလ: ၆ လတာ
👥 လက်ခံမည့်ဦးရေ: အယောက် ၄၀ သာ!
💻 သင်ကြားမှုပုံစံ: Online (Zoom + Google Classroom)
Admission Fees : 50,000 MMK
Course Fees : 100,000 MMK
အဖွဲ့အစည်းတွေကို ထိရောက်စွာ ဦးဆောင်နိုင်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် အပြုသဘောဆောင် တဲ့ အပြောင်းအလဲတွေ ဖန်တီးပေးနိုင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ အခုပဲ စာရင်းပေးသွင်း လျှောက်ထားလိုက်ပါ! 🚀
Apply Here!