Law School

Call Applications for Diploma in Constitutional Law Batch – 2

Call Applications for Diploma in Constitutional Law Batch – 2

နိုင်ငံသားတိုင်း သိထားသင့်တဲ့ နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ကို ရှာဖွေဖို့ အဆင်သင့်ပဲလား? ⚖️✨]

“နိုင်ငံရေးအကြောင်း ပြောရင် ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution) ဆိုတာ ပါတာပဲ။ ဒါပေမဲ့ အဲ့ဒါက တကယ်တမ်း ဘာလဲ? ငါတို့နဲ့ ဘယ်လိုသက်ဆိုင်လဲ?” အခုခေတ် လူငယ် တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ချင်တယ်ဆိုရင် ‘အခြေခံဥပဒေ’ ရဲ့ အနှစ်သာရကို နားလည်ထားဖို့က အရေးကြီးဆုံး လက်နက်တစ်ခုပါပဲ။ နိုင်ငံတော်ရဲ့ အာဏာ ခွဲဝေမှုတွေ၊ ဖက်ဒရယ်စနစ်ရဲ့ သဘောတရားတွေနဲ့ ငါတို့ရဲ့ ရပိုင်ခွင့် ‘အခွင့်အရေး’ တွေကို သိထားမှသာ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှာပါ။

ဒါကြောင့် KIMO Institute ရဲ့ Law School ကနေ Diploma in Constitutional Law (Batch – 2) ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ! 🎓

ဒီ Diploma အတန်းမှာ ဘာတွေထူးခြားမလဲ?

စာအုပ်ထဲက စာတွေကိုပဲ အလွတ်ကျက်နေရမယ့် ခေတ်ဟောင်းသင်ကြားရေးမျိုး မဟုတ်ဘဲ Interactive Learning: Zoom နဲ့ Google Classroom သုံးပြီး Group Discussion တွေ၊ Debate တွေ၊ Case Studies တွေနဲ့ Puzzle Games တွေပါဝင်တဲ့ Student-cantered အဆင့်မြင့်သင်ကြားမှုပုံစံနဲ့ Expert Instructors: လက်တွေ့နယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေက တိုက်ရိုက်သင်ကြားဆွေးနွေးပေးမှာ။

  • Practical Skills: အခြေခံဥပဒေဆိုင်ရာ ပြဿနာတွေကို ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) နဲ့ လူ့အခွင့်အရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းတွေကိုပါ လေ့ကျင့်ပေး သွားမှာဖြစ်ပါတယ်။

📚 (၆) လတာအတွင်းမှာ ဘာတွေသင်ရမလဲ?

Semester 1:

  • Constitutional Law
  • Constitutional Federalism
  • Jurisprudence

Semester 2:

  • Administrative Law
  • Constitutional Rights
  • Minority Affairs

🔥 ဘယ်သူတွေ တက်သင့်လဲ?

G-12 အောင်မြင်ပြီးသူများ။

ဘွဲ့မရသေးတဲ့ ကျောင်းသား/သူများ (သို့မဟုတ်) ဘွဲ့တစ်ခုခု ရရှိထားတဲ့ အသက် (၃၅) အောက် လူငယ်များ။

  • အထူးသဖြင့် ဥပဒေပညာရပ်ကို စိတ်ဝင်စားသူတိုင်းအတွက် အထူးရည်ရွယ်ပါတယ်။

 Details:သင်တန်းကာလ: ၆ လ

👥 လက်ခံမည့်ဦးရေ: အယောက် ၄၀ သာ!

💻 သင်ကြားမှု: Online (Zoom + Google Classroom)

သင်တန်းကြေး

Admission Fees   : 50000 MMK

Course Fees         : 100,000 MMK

ကိုယ့်ရဲ့ Analytical Skill တွေကို မြှင့်တင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိအမြင်တွေကို စနစ်တကျ လေ့လာချင်တယ်ဆိုရင်တော့ အခုပဲ Register လုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်! 🚀

Program အသေးစိတ်ကို အောက်ပါ လင့်တွင်လေ့လာဖတ်ရှုနိုင်ပါတယ်။

KIMO_Course_Catalog- 2026-27

Apply Here!

Link: https://tinyurl.com/dpmkk48h