Scholarship Webinar

ICCR Scholarship Webinar

KIMOers တို့ရဲ့အောင်မြင်မှုဟာ ကျွန်မတို့ရဲ့ ပန်းတိုင်ပါ
မင်္ဂလာပါ KIMOers တို့ရေ…
 ဒီတစ်ခါမှာတော့ KIMO Institute ကနေ တစိုက်မတ်မတ်ကြိုးစားနေကြတဲ့ KIMOers တွေအတွက် အိန္ဒိယအစိုးရက​နေနှစ်စဉ်​ချီးမြှင့်တဲ့ ICCR Scholarship အကြောင်းကို မျှဝေပေးမယ့် Webinar လေးတစ်ခု စီစဉ်ပေးထားပါတယ်။  ဒီ Scholarship ဟာဆိုရင် အခွင့်အရေးအတွက် အမြဲကြိုတင်ပြင်ဆင် ကြိုးစားနေတဲ့ သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ Scholarship တစ်ခုဖြစ်ပါတယ်။
ဘယ်သူက Sharing လုပ်ပေးမှာလဲ?
ဟုတ်ပါတယ်… ICCR Scholarship အကြောင်းကို sharing လုပ်ပေးမယ့်သူကတော့ လက်ရှိမှာ ICCR Scholarship နဲ့ အိန္ဒိယနိုင်ငံရဲ့ အစိုးရထိပ်တန်းနည်းပညာတက္ကသိုလ်ဖြစ်တဲ့ [National Institute of Technology Warangal (NITW), India] မှာ​ကျောင်းတက်​နေဆဲဖြစ်တဲ့ ချင်းလူငယ် Rah Chhituh က အတွေ့အကြုံတွေအပေါ် အခြေခံပြီး မျှဝေပေးသွားမှာဖြစ်ပါတယ်။
🔰မျှဝေပေးသွားမည့် အကြောင်းအရာများ
📌 ICCR Scholarship အကြောင်း
📌 Scholarship application process အပါအဝင်
📌Question & Answer Session ပါ ပါဝင်တာဖြစ်တဲ့အတွက်ကြောင့် ကိုယ်ထပ်သိချင်တဲ့ အကြောင်းအရာတွေကိုလည်း အသေးစိတ်မေးမြန်နိုင်မှာဖြစ်ပါတယ်။
🔰ဘယ်သူတွေ တက်ရောက်လို့ရလဲ ?
✅တက္ကသိုလ်ဆက်တက်ရန် စီစဉ်နေသော အထက်တန်းအောင်ကျောင်းသားများ
✅အိန္ဒိယနိုင်ငံတွင် ပညာသင်ရန် ပြင်ဆင်နေသူများ၊ စိတ်အား ထက်သန်သူများ တက်ရောက်နိုင်ပါတယ်။
📌 Webinar Details
🗓 Date – 28.2.2026 (Sat)
⏱️ Time – 7:00 PM to 9:00PM
📺 Platform – Zoom
📎 Scholarship sharing session မှာ ပါဝင်နိုင်ဖို့အတွက် အောက်က Link မှာ 26. 2.2026 နောက်ဆုံးထား Registration ပြုလုပ်ပြီး ပါဝင်နိုင်ပါတယ်။
မှတ်ချက်။ ။ Register လုပ်ထားတဲ့ Email လိပ်စာကနေပဲ Zoom Link ကို ပို့ပေးသွားမှာမို့ မှန်မှန်ဖြည့်ဖို့ နဲ့ Email လေးစစ်ကြည့်ဖို့လည်းမမေ့ကြနဲ့အုံးနော်🌱
Telegram Channel – t.me/kimoinstitue37
kimoinstitute23@gmail.com