Research Centre
Call Applications for Citizenship Research Cafe (CRC)
May 25, 2026
·
17 min read
အားလုံးပဲမင်္ဂလာပါ

________________

ဒီတခါမှာတော Ah Nyar Institute (ANI) နဲ့ KIMO Institute တို့ပူးပေါင်းဖွင့်လှစ်သွားမဲ့ စိတ်ဝင်စားဖွယ် လူငယ်ပရိုဂရမ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လူငယ်တွေအတွက် အဓိကရည်ရွယ်ပြီး ပရိုဂရမ်အတွင်းမှာဆိုရင် နိုင်ငံသားနဲ့ ပတ်သက်တဲ့ နိုင်ငံသားဆိုင်ရာ အခွင့်အရေး၊ ပြည်သူရေးရာနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို လေ့လာပြီး မိမိရဲ့ ဒေသန္တရအခြေနေအလိုက် သမရိုးကျအကဲဒမစ်နည်းလမ်းမဟုတ်တဲ့ မိမိတို့ လူမှုအဖွဲ့အစည်းအတွင်းမှာရှိတဲ့ အကြောင်းအရာတွေ လေ့လာဆန်းစစ် အဖြေရှာရမယ့် သုတေသနအသေးစား
လေးတစ်ခုကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။
စီမံကိန်းရဲ့ခေါင်းစဉ်လေးကတော့ “Citizenship Research Cafe’(CRC)” ပရိုဂရမ်ပဲ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာအနေနဲ့ကတော့ ပါဝင်တက်ရောက်လိုသူတွေဟာ မြန်မာနိုင်ငံရဲ့ ဘယ်အရပ်ဒေသကမဆို လျှောက်ထ

ားနိုင်ပါတယ်။ ဆိုတော့ ပရိုဂရမ်ရဲ့ ပုံစံလေးတွေကို တချက် လေ့လာကြည့်ကြပါရအောင်နော့်။


သင်တန်းပုံစံ!!

သုတေသန စီမံကိန်းလေးတွေမလုပ်ခင်မှာ Citizenship, Civic Rights, Civic Education တွေနဲ့ ပတ်သက်တာကို သင်တန်းပို့ချသွားမှာဖြစ်ပါတယ်။

သက်ဆိုင်ရာ မိမိရပ်ရွ
ာတွင်းမှာဖြစ်နေတဲ့ ပြဿနာအကြောင်းအရာတွေကို လေ့လာဆန်းစစ် အဖြေရှာဖို့အတွက် လူမှုသုတေသနနည်းလမ်းကိုလည်း ထပ်မံဝေမျှသွားမှာပါ။


မြေပြင်ကွင်းဆင်းမဲ့ပုံစံ!!

သုတေသနစီမံကိန်းအတွက် လိုအပ်တဲ့ အချက်အလက် (ဒေတာ) တွေကို မိမိအနီးပတ်ဝန်းကျင် အတွင်းမှာ ကောက်ယူရမှာဖြစ်ပြီး

ရရှိလာတဲ့ ဒေတာတွေကို အကဲဒမစ်သုတေသနစာစောင်ပုံစံမျိုးမဟုတ်တဲ့ ဒီဂျစ်တယ် ပုံပြောနည်းတစ်ခုခုနဲ့ (Digital storytelling) ပြန်လည်တင်ပြ ပေးရမှာဖြစ်ပါတယ်။

သင်တန်းကာလ!!!
ပရိုဂရမ်ကာလက (၃) လကြာမြင့်မှာဖြစ်ပြီးတော့ ပရိုဂရမ်ကာလအတွင်းမှာဆိုရင်—

သင်တန်းချိန်အတွက် အင်တာနက် အသုံးစရိတ်ထောက်ပံ့ပေးခြင်း၊

ဒေတာတွေကောက်ယူတဲ့အခါလိုအပ်တဲ့အသုံးစရိတ်အဖြစ် အနည်းငယ်ငွေကြေးထောက်ပံ့ခြင်း၊

လိုအပ်သော ဆော့ဖ်ဝဲနှင့် အွန်လိုင်းအရင်းအမြစ်များသို့ ဝင်ရောက်အသုံးပြုနိုင်ရန် စီစဉ်ပေးခြင်း၊

အတွေ့အကြုံရှိတဲ့ သုသေတီများနဲ့ သင်ကြားရေးအတွေ့အကြုံရှိတဲ့ ဆရာတွေကနေ လိုအပ်တဲ့ လမ်းညွှန်မှုနဲ့ အကြံဉာဏ်များပေးခြင်း၊ အပြင် သင်တန်းသားများအတူ ကူညီလုပ်ဆောင်ပေးခြင်း

ပရိုဂရမ်ပြန်လည်သုံးသပ်တာ၊ အကြံပြုတာ နဲ့ သင်တန်းသူသင်သားများ အကြားပိုမိုရင်းနှီးမှုနဲ့ ကွန်ယက်များပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်း စတာတွေပါဝင်မှာဖြစ်ပါတယ်။


ဘယ်သူတွေပါဝင်နိုင်လဲ?
?

အသက် ၁၈ နှစ်မှ ၃၀ နှစ်ကြားရှိပြီး အထက်တန်းပြီးမြောက်ထားတဲ့လူငယ်များ၊

၁၀တန်းအဆင့်တွင် ရပ်နားခဲ့သူများ ပြီး အဆင့်မြင့်ရေးတက္ကသိုလ်တစ်ခုခုကို လက်လှမ်းမှီဖို့ အခက်အခဲရှိသူများ၊ တစ်ခြား ပညာရေးလမ်းကြောင်းများကို ဆက်လက်သင်ကြားနေသူများ၊

ယခင်က သုတေသနသင်တန်းအတွေ့အကြံုမရှိသူများ၊

မိမိအသိုင်းအဝိုင်းအတွင်းရှိ လူမှုရေးပြဿနာများ (ဥပမာ– မိုးလေဝသနှင့် ပတ်ဝန်းကျင်ပြဿနာများ၊ ပညာရေးအခွင့်အရေးများ၊ အသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်မှုများ) ကို လေ့လာပြီး တက်ကြွစွာ အမှန်တကယ် စိတ်ဝင်စားပြီးဆောင်ရွက်လိုသူများ၊

စူးစမ်းသိလိုမှုကို လက်တွေ့လုပ်ဆေ
ာင်ချက်များအဖြစ် ပြောင်းလဲလုပ်ဆောင်လိုသော စိတ်ဆန္ဒရှိသူများ၊

ပညာရေးအခွင့်အရေးကို ကန့်သတ်ခံရသော လူငယ်များ။

လူဦးရေ ကန့်သတ်ချက်ရှိတာမို့ စိတ်ချရအောင် မြန်မြန်လေး လျောက်ထားလိုက်တော့နော်။
သင်တန်းကာလ

၂၀၂၅ ၊ နိုဝင်ဘာလ (၁) ရက်မှ ၂
၀၂၆ ဇန်နဝါရီလ (၃၁) ရက်ထိ
အတန်းချိန်

မြန်မာချိန် ညနေ ၆:၀၀ နာရီကနေ ၈:၀၀ နာရီထိ (အပတ်စ

ဉ် စနေ၊ တနင်္ဂနွေ)
စိတ်ဝင်စားပါက အောက်ပါ လင့်ခ်တွင်လျှောက်ထားနိုင်ပါတယ်ရှင့်။