Law School

Call Applications for Certificate in Human Rights Training

အားလုံးပဲ မင်္ဂလာပါရှင့်။
အမြဲတမ်းစောင့်မျှော်နေကြတဲ့ လူ့အခွင့်အရေး အခြေခံသင်တန်း (Certificate in Basic Human Rights Training Batch 3) အတန်းသစ်လေးလာပါပြီ… လူ့အခွင့်အရေးဆိုတာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝနဲ့ ဘယ်လိုဆက်စပ်နေလဲ?
လူမှုအဖွဲ့အစည်းမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေလဲ ဆိုတာကို စနစ်တကျ၊ လက်တွေ့ကျကျ လေ့လာချင်သူတွေအတွက် KIMO Institute ကနေ စီစဉ်ဖွင့်လှစ်မယ့် လူ့အခွင့်အရေး အခြေခံသင်တန်း (Batch 3) ကို မကြာခင်မှာ စတင်တော့မှာ ဖြစ်ပါတယ်။
📝သင်တန်းမှာ ဘာတွေကိုလေ့လာရမလဲ?
📍ဒီအတန်းမှာဆိုရင် နိုင်ငံတကာဥပဒေ၊ ပြည်တွင်းဥပဒေတွေရဲ့သမိုင်းကြောင်းတွေကို အခြေခံထားတဲ့ လူ့အခွင့်အရေးအ‌ကြောင်းအရာနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းများ
📍ထိခိုက်လွယ်အုပ်စု၊ ကလေးသူငယ်များနဲ့ အမျိုးသမီးများရဲ့အခွင့်အရေးများ
📍ဖွဲ့စည်းပုံဆိုင်ရာ လူ့အခွင့်အရေးစံချိန်စံညွန်းများ
📍ကမ္ဘာ့လူ့အခွင့်အရေးနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ စတဲ့ အကြောင်းအရာများကို တစ်လတာအတွေ့အကြုံရှိဝါရင့် ဆရာ/မများနဲ့အတူ လေ့လာသင်ယူကြရမှာဖြစ်ပါတယ်။
🤷ဘယ်သူတွေတက်ရောက်နိုင်မလဲ?
📍လူ့အခွင့်အ‌ရေးကို စတင်ပြီး အခြေခံကျကျလေ့လာလိုသူများ၊
– Grade 12 နဲ့ အထက် ပညာအရည်ချင်း ပြီးမြောက်ထားသူများ
– လူ့အခွင့်အရေးဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းတွေမှာ စတင်ဝင်ရောက်လုပ်ကိုင်နေသူများ
📆 သင်တန်းကာလနဲ့ သင်တန်းချိန်ရော ဘယ်လောက်ကြာမလဲ?
⏰ သင်တန်းကာလက (၁) လ ကြာမြင့်မှာဖြစ်ပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့ မနက် ၉း၀၀နာရီကနေ ၁၁:၀၀နာရီထိ Online Virtual Classroom ကတဆင့် လက်တွေ့ကျတဲ့ လေ့ကျင့်ခန်းတွေနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။
💸 ဒါဆို သင်တန်းကြေးကရော???
🥇ရွေးချယ်ခံရတဲ့ သင်တန်းသူ/သားတွေဟာ သင်တန်းကြေးပေးသွင်းစရာမလိုပဲ Admission Fees ၃၀၀၀၀ကျပ် ကိုသာ ပေးသွင်းပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။
❗️သင်တန်းလျောက်လွှာလက်ခံမည့်ကာလ
– အောက်တိုဘာလ (၁)ရက်နေ့၊ မှ ၁၀ ရက်နေ့၊ ည (၁၂း၀၀) နာရီအထိ၊
📕 လူဦး​ရေ
– ကျောင်းသားဦး​ရေ (၃၀) ဦးကိုသာ လက်ခံသွားမှာဖြစ်ပါတယ်။
📢 ဆိုတော့ လူ့အခွင့်အရေး အသိပညာတွေကို လက်တွေ့ဘဝမှာ အသုံးချဖို့ စိတ်ဝင်စားတယ်ဆိုရင် အခုပဲ အောက်ကပေးထားတဲ့ Register link ကနေ အတန်းကို လျှောက်ထား လိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်။
မှတ်ချက်။ ။ အတန်းကို အစအဆုံး အချိန်ပေးတက်ရောက်နိုင်သူများသာ လျှောက်လွှာကို ဖြည့်ပေး ပါရန် မေတ္တာရပ်ခံပါတယ်။
☎️ အသေးစိတ် ထပ်မံသိရှိလိုပါက Page Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#KIMOInstitute
#BasicHumanRights
#Batch3
# Let’s create a peaceful world with our hands