Research Centre

Call Applications for KIMO Research Fellowship Program

“KIMO Research Fellowship Program အတွက် သင်တန်းသားများခေါ်ယူခြင်း”

အားလုံးပဲမင်္ဂလာပါရှင့်။
သုတေသနနယ်ပယ်ကိုစိတ်ဝင်စားတဲ့လူငယ်များ၊ သုတေသနနှင့်သက်ဆိုင်သောအကြောင်းအရာများကိုသင်ယူလိုသောလူငယ်များအတွက် KIMO Institute မှဖွင့်လှစ်သင်ကြားသွားမဲ့ (3) လတာ KIMO Research Fellowship Program ကိုလျှောက်ထားလို့ရပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

သုံးလတာသင်တန်းကာလမှာတော့ အောက်ပါ Syllabus တွေကို Research နယ်ပယ်တွေမှာအတွေ့အကြုံရှိတဲ့ Research Trainers တွေကနေသင်ကြားပို့ချသွားမှာဖြစ်ပါတယ်။

Syllabus
▪️What is qualitative research▪️Organizing field work for qualitative research
▪️Qualitative research ethics and plagiarism
▪️Qualitative research tools in-depth interviews
▪️Focus Group discussion
▪️Observation
▪️Other methods
▪️Qualitative Data analysis interview
▪️Writing the Research Proposal

အစရှိသည့်ခေါင်းစဉ်များကိုအသေးစိတ်သိရှိသွားပြီး လက်တွေ့ပြန်လည်အသုံးချနိုင်သွားမှာပဲဖြစ်ပါတယ်။ အထူးအစီအစဉ်အနေနဲ့ Program တစ်လျှောက်လုံးမှာလည်းအနီးကပ်အကြံပေးသွားမည့် Mentor များလည်းရှိနေမှာဖြစ်ပါတယ်ရှင့်။ ဒါဆိုရင် သုံးလတာ Research Fellowship Program ကိုဘယ်သူတွေလျှောက်ထားလို့ရမလဲဆိုတော့

 သုတေသနကိုအမှန်တကယ်စိတ်ဝင်စားသောသူများ။
 Qualitative Research နယ်ပယ်ကိုစိတ်ဝင်စားသူများ။
 အသက် 18 နှစ်နှင့် 30 နှစ်ကြားလူငယ်များ။
 သုံးလတာကာလလုံးအမှန်တကယ်အချိန်အပြည့်အဝပေးနိုင်သူများ လျှောက်ထားလို့ရပါတယ်ရှင့်။

သုတေသနပြုလုပ်ရမဲ့နယ်ပေတွေကတော့
Politics
Education
Social Culture
စတဲ့နယ်ပယ်သုံးခုမှာပြုလုပ်ရမှာဖြစ်ပါတယ်။

သင်တန်းကြေးကရော Program သုံးလလုံးအတွက် Commiment Fee အနေဖြင့် 30,000 MMK ကိုထည့်သွင်းရမှာဖြစ်ပြီး
Program ပြီးဆုံးသွားတဲ့အချိန်မှာတော့အကောင်းဆုံးသုတေသနစာတမ်းနှစ်ခုတိတိကိုရွေးချယ်ပြီးပြန်လည်ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်ရှင့်။

နောက်ပြီးဒီ Program ကအပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တိုင်း၊ မြန်မာချိန် ညနေ (၆:၀၀) နာရီကနေ (၉:၀၀) ကြားမှာသုံးလတာကာလပတ်လုံးသင်ကြားသွားမှာဖြစ်လို့ ကျောင်းတက်နေသောလူငယ်များသာမက၊ လုပ်ငန်းခွင်ဝင်နေသောလူငယ်များအတွက်ပါအထူးသင့်လျှော်တဲ့ Program တစ်ခုဖြစ်ပါတယ်။

လူဦးရေအကန့်အသတ်ရှိတာမို့ ယခုပဲအောက်ပါလင့်ခ်ကနေတိုက်ရိုက်လျှောက်ထားဖို့တိုက်တွန်းချင်ပါတယ်ဗျ။

https://docs.google.com/…/1FAIpQLSdSxSTypzk…/viewform…

Note: သတ်မှတ်လူဦးရေပြည့်သွားပါက Application Form ကိုဆက်လက် လက်ခံသွားမည်မဟုတ်ပါကြောင်း အသိပေးပါရစေရှင့်။

—————-

Application Deadline- 5 February, 2025
Program Starting Date – 15 February, 2025.
Class Time – Friday, Saturday
6:00 – 9:00 (Yangon, Myanmar)